သာပေါင်း ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေးရွာ၊ ငဝန်တာခိုင်ခန့်မှုအခြေအနေအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးကော်မတီတို့က ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကြည်ရှုစစ်ဆေးခဲ့ကြသည်။
သစ်ပုတ်ကုန်း ကျေးရွာအုပ်စု၊သစ်ပုတ်ကုန်း ကျေးရွာ၊ ငဝန်တာ ရေကင်းအမှတ်(၇)၊ (၇၁/၀)မိုင်တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကိုကိုဇင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ၊မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်ဦးကျော်တိုး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဦးအောင်မျိုးကိုနှင့် ဆည်မြောင်းဦးစီးမှူးဦးဇော်ဇော်နိုင်တို့မှ တာဘောင်ခိုင်ခန့်မှု အခြေအနေ၊ လက်ရှိငဝန်မြစ်ရေအခြေအနေ၊ ရေကင်းစောင့်ကြပ်မှု အခြေအနေ၊ ပစ္စည်းများကြိုတင် စုဆောင်းထားရှိမှုအခြေအနေ၊ အရေးပေါ်သဘာဝဘေး ဖြစ်ပွားပါက စီမံချက်ပါအတိုင်း ဆောင်ရွက်ရန်တို့ကို ကြည့်ရှုစစ်ဆေးကာ ရေကင်းစောင့် တာဝန်ကျဝန်ထမ်းများအားလိုအပ်သည်များမှာကြားဆောင်ရွက်ခဲ့ကြသည်။
သိန်းမြင့်မျိုးဦး(သာပေါင်း)