ပေါင် ဇူလိုင် ၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ ပေါင်းရပ်ကွက်နှင့် ကဒုံစီးရပ်ကွက်များတွင် ဇူလိုင်လ(၅)ရက်နေ့ ညပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ထပ်တိုးလူနေအိမ်များကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပံ့ပိုးငွေများကို ယမန်နေ့ နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ထပ်တိုးလူနေအိမ်(၁၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၉၃၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၁၉)စုရှိ လူဦးရေ(၇၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၃၈၅,၀၀ဝ)ကျပ်၊ စုစုပေါင်းကျပ်(၁,၃၁၅,၀၀၀)အား လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)