သတင်းများ

တံတားမြို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့  ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၈)နာရီက သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
ပျော်ဘွယ်မြို့နယ်၌ ဖွင့်လှစ်ရောင်းချနေသောဆေးဆိုင်များတွင် သတ်မှတ်စံနှုန်းဖြင့်ကိုက်ညီမှု မရှိသောဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 09,2026
ပျော်ဘွယ်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှဦးဆောင်၍ မြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၌ တားမြစ်ဆေးဝါးများနှင့် သတ်မှတ်စံနှုန်းဖြင့် ကိုက်ညီမှုမရှိသောဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ ၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို ၊ မြို့သစ်မြို့နယ် ရေပြည့်ကျေးရွာ၊ မိုးနှမ်းအထွက်တိုးစံပြကွက် သိပ္ပံနှမ်းနက်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှု
Jul 09,2026
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးတင်ကိုကိုသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာအုပ်စု၊ ရေပြည့်ကျေးရွာသို့ရောက်ရှိကာ ကွင်းအမှတ်၊ ၁၅၂၇ - က၊ ဦးပိုင်အမှတ် ၂၁ ရှိတောင်သူဦးခင်ရွှေ စိုက်ပျိုးထားသော မိုးနှမ်းအထွက်တိုး စံပြကွက် သိပ္ပံနှမ်းနက် (၁၀) ဧကစိုက်ခင်း၏ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုသည်။
သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊သန်လျင်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများရှိ မူလတန်းအရွယ်ကျောင်းသား ၊ကျောင်းသူများတွင် သွားနှင့်ခံတွင်း ရောဂါများ ကင်းဝေးစေရေး ၊မျက်စိကျန်းမာရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဆမ်မိန်းကျေးရွာ၌ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်
Jul 09,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦီးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ် ထုတ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ စကားဝါဆောင်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြစ်သားမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 09,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်၊ နိုင်ငံ့စီပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်တောင်သူများအား  မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက်နာဆောင် ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍  မိုးစပါးစိုက်တောင်သူများအား (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၈ ရက် နံနက် ၁၁ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအားရှောင်တခင်စစ်ဆေး
Jul 09,2026
ရန်ကုန်တိုင်းဒေသကြီး ၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အစိုးရသစ်ကာလ၊ ရက်(၁၀၀)စီမံချက်ဖြင့် သန်လျင်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံ(၇)ရုံအား ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ဆီဆိုင်မြို့နယ်၌ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ မွမ်းမံသင်တန်း ဖွင့်လှစ်
Jul 09,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ၊ ဆီဆိုင်မြိုနယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာ‌ရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့် အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း “လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးဆောင်ရွက်မည့်လုပ်ငန်း” မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။