ညောင်ရွှေမြို့ သီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲတော် ဘုရားဖူးလာပြည်သူများနှင့် စည်ကားလျက်ရှိ
Sep 30,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အဌဒိသာဓမ္မဝိဟာရ ဒေသစာရီစံကျောင်းတော်ကြီး၌ ဒေသစာရီကြွချီ ကိန်းဝပ်စံပယ်ပူဇော်ခံလျက်ရှိသည့် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော် မြတ်လေးဆူတို့အား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ လာရောက်ဖူးမြော်ကြည်ညို၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်လျက်ရှိရာ စံကျောင်းတော်နှင့် ပွဲဧရိယာအတွင်း စည်ကားလျက်ရှိသည်။