မတ္တရာမြို့နယ် ကံဖြူကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲကျင်းပ
Jul 09,2026
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် လက္ကောင်းကြီးကျေးရွာအုပ်စု၊ ကံဖြူကျေးရွာ၌ ပြည်သူများထံသို့ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ခြေ ၁၅၉ လုံးအတွက် ကျေးရွာမြေငှားဂရန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာ သာသနာ့ဟိတ ဓမ္မဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။