သတင်းများ

ညောင်ဦးမြို့နယ်၌ အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းလူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 09,2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ညောင်ဦး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ဇူလိုင် ၉ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
အမရပူရမြို့နယ် တောင်သမန်အင်းရေပြင်၌ ရေပြင်မီးငြှိမ်းသတ်ရေးနှင့်ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Jul 09,2026
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းဦးဆောင်ကာ ရေပြင်မီးငြှိမ်းသတ်ရေးနှင့် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို အမရပူရမြို့နယ် တောင်သမန်အင်း ရေပြင်၌ ယနေ့ဇူလိုင် ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် တက်ရောက်ခဲ့သည်။
ကျောက်ဖြူမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်
Jul 09,2026
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း (TOT)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ကျင်းပသည်။ 
မြိတ်တက္ကသိုလ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 09,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်တွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းကို လေးစားလိုက်နာစေရန်အတွက် အမှတ်(၇၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)မှ ဇူလိုင် ၈ ရက် နံနက်ပိုင်းက တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
မြိတ်မြို့၌ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jul 09,2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး ၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဇူလိုင် (၈)ရက်နံနက်ပိုင်းက  အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်သည်။
ပန်းတနော်မြို့နယ်၌ ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ မိဘပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ခွေးရူးပြန်ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ရောဂါဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်သည့် “ခွေးရူးပြန်ရောဂါ ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ” ကို ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ အလုပ်အမှုဆောင်ရွေးချယ်ပွဲနှင့် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးပွဲ ကျင်းပ
Jul 09,2026
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် အိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ ၂၀၂၆-၂၀၂၉ ခုနှစ်အတွက် အလုပ်အမှုဆောင် ရွေးချယ်ပွဲနှင့် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၁ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅) ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ဓနုဖြူမြို့နယ်၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကျင်းပ
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။