အလုံမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(ဒုတိယပတ်)လှုပ်ရှားမှုဆောင်ရွက်
Aug 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဘက်စုံသားဖွားသင်တန်းသူများနှင့်အတူ ၂၀၂၄ ခုနှစ် သြဂုတ်လ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(ဒုတိယပတ်)လှုပ်ရှားမှုအနေဖြင့် ယနေ့နံနက် ၁၀ နာရီက ကရင်ခြံရပ်ကွက်ရှိ အမှတ်(၄)မူလတန်းကြိုကျောင်းနှင့် သစ်တောရပ်ကွက်ရှိ အလုံမူလတန်းကြိုကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။