မိတ္ထီလာမြို့နယ်၌ ​မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်

မန္တလေး သြဂုတ် ၁၆

မန္တ​လေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာ‌ရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်က အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းများအေကြာင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းတို့က ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကန်ကြီးကုန်းကျေးရွာနှင့် ပျော်ကုန်းကျေးရွာတို့အား ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ အား လွှဲပြောင်းပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်သန်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းတို့က ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ၁၇ ရွာအား ကျေးရွာတစ်ရွာလျှင် စီမံကိန်းရန်ပုံငွေ သိန်း ၁၅၀ အား လွှဲပြောင်းပေးအပ်ခဲ့သည်။

မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ၄၅ ယူနစ် ကျေးရွာ ၅၇ ရွာကို ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်း ရောင်ကျေးရွာစီမံကိန်းကို ကန်ကြီးကုန်းကျေးရွာနှင့် ပျော်ကုန်းကျေးရွာတို့တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းအပြင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ၉၉ ရွာ ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို  ကျေးရွာ ၁၇ ရွာအား ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)