စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ မဟာနီလာကုမ္ပဏီ နီဖန်း EV ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ် ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် တပ်ဆင်နေမှုများ၊ တပ်ဆင်ပြီးစီးမှု ဆိုင်ကယ်များနှင့် ဆိုင်ကယ်ဘရိတ်ရှူးထုတ်လုပ်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသသည်။