ရှမ်းရွာသစ် ဩဂုတ် ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူနှင့် ကျောင်းသား/သူများများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးလုပ်ငန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မိုးအေး၊ ကျောင်းအုပ်ဆရာကြီးဦးရာဇာအောင်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နော်မုနော်ဂေတို့က လူကုန်ကူးမှုဖြစ်ပေါ်လာခြင်း၏ တွန်းအားပေးချက်များနှင့် ဖြစ်ပွားရခြင်း၏အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောပြီးနောက် ကမ္ဘာတစ်ဝန်းတွင် လူကုန်ကူးမှုဖြစ်ပွားမှုအခြေအနေ၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းဗျူဟာ (၄)ရပ်၊ လူကုန်ကူးမှု၏ အစိတ်အပိုင်း(၃)ရပ်၊ လူကုန်ကူးခံရသူများ၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ကဏ္ဍများ၊ လူကုန်ကူးမှုကို အဓိကဆွဲဆောင်သော အကြောင်းအရာများ၊ လူကုန်ကူးခံရသူများကို အကူအညီပေးရမည့် လိုအပ်ချက်များနှင့်ပြစ်မှု၊ပြစ်ဒါဏ်များစသည့် လူကုန်ကူးမှုဆိုင်ရာ သိသင့်သိထိုက်သည့်အကြောင်းအရာများကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)