သထုံ ဩဂုတ် ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်နေသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ လာရောက်အားပေးရာတွင် သထုံမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်အေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက သင်တန်းသူများအား တွေ့ဆုံနှုတ်ဆက်ကာ သင်တန်းမှအခမဲ့ပိုချပေးခဲ့သည့် သက်မွေးပညာရပ်များကို အကျိုးရှိစွာ အသုံးချခြင်းဖြင့် မိမိတို့၏လူမှုစီးပွားများဖွံ့ဖြိုးအောင် ဆောင်ရွက်ကြရေး အားပေးစကားများ ပြောကြားပြီး သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို သထုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဩဂုတ်လ ၆ ရက်နေ့မှ စတင်ကာ ၄၅ ရက်ကြာ အခမဲ့ဖွင့်လှစ်နေပြီး သထုံမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတို့မှ သင်တန်းသူ ၁၅ ဦး တက်ရောက်နေကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)