သတင်းများ

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Aug 16,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုစာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
ကော့မှူးမြို့နယ် မူလွန် (လက်ခိုက်) ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြော
Aug 16,2024
ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတ ကြွယ်ဝပြီး စဉ်းစားတွေးခေါ်မှု အသိဉာဏ်များ ပိုမိုရှင်သန်လာစေရန်ရည်ရွယ်၍ စာဖတ်ရှိန် မြင့်မားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာ မူလွန် (လက်ခိုက်) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက်ဌက်ပျောသီးများ အထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိ
Aug 16,2024
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဉယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်တိုပင်ဖြစ်သော ဌက်ပျောပင်များကိုလည်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဌက်ပျောပင်များသည် ရာသီမရွေး အသီးသီးသောသီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီးဒေသထွက်ဌက်ပျောသီးများ အထွက်နှုန်းအနည်းငယ်ကျဆင်းသော်လည်း ဈေးကောင်းရရှိကြောင်း သိရသည်။
တံတားမြို့၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်ပြပွဲခင်းကျင်းပြသ
Aug 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာအုပ်စာပေများအားလေ့လာဖတ်ရှုလာစေရန်၊ စာကြည့်တိုက်အားအသုံးပြုတက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်က စာအုပ်ပြပွဲကို ခင်းကျင်းပြသဆောင်ရွက်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ မြေစိုက်နံရံကပ်ပြဘုတ်စိုက်ထူ
Aug 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသနေတောင်သူများအတွက် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက တောင်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မဲသမူးကျေးရွာအုပ်စုရှိ တောင်သူဦးစော မောင်အေး၏ လယ်ယာတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်ယာမြေများ ပြန်လည်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များကို မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ ဖမ်းဆီးနည်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်း
Aug 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ) မှ ကြီးမှူးဖွင့်လှစ်သည့် ဖမ်းဆီးနည်း (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ သစ်တစ်ပင်တောင်၊ မြဝတီရဲသင်တန်းခန်းမ၌ ကျင်းပသည်။
ချောင်းဆုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် အသက် (၁၈) နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Aug 16,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ထူးချွန်သည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ကျင်းပသော အသက်(၁၈)နှစ်အောက် ကျောင်းသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 16,2024
ရှမ်းပြည်နယ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပနိုင်ရေး  အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre – Taunggyi) အစည်းအဝေးခန်းမတွင် ကျင်းပသည်။