သတင်းများ

သရက်ချောင်းမြို့၊ အခြေခံပညာအ.ထ.ကသရက်ချောင်းကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ကျင်းပ
Aug 16,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာအ.ထ.ကသရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ယနေ့နံနက် ၉နာရီအချိန်က ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများစုပေါင်း၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းကပ်လှူပူ‌ဇော်ပွဲ ကျင်းပခဲ့သည်။
ပန်းတောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များပြသ
Aug 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဘားအံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Aug 16,2024
ကျောင်းသားလူငယ်များအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်သည့်အလေ့အထများ ဖြစ်လာစေရေးအတွက် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၀:၀၀)နာရီက အခြေခံပညာမူလတန်း(လွန်)ကျောင်း၊ အမှတ်(၄)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ငရံ့မင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
Aug 16,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ငရံ့မင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်္ဃန်းကျွန်းခရိုင်၌ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Aug 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ယာဉ်မောင်း (မွမ်းမံ)သင်တန်း  အမှတ်စဉ် (၅/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ
Aug 16,2024
တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှဦးစီး၍ ယာဉ်မောင်း(မွမ်းမံ)သင်တန်းအမှတ်စဉ် ၅/၂၀၂၄ ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် ကျင်းပ
Aug 16,2024
အာဟာရဖွံ့ဖြိုးရေးနှင့်သုတေသနဌာခွဲသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့နှင့် ပူးပေါင်းကာ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များအဖြစ် သြဂုတ်လတစ်လလုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၄ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်အထိမ်းအမှတ် ကျင်းပသည်။
ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Aug 16,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု စာစီစာကုံး၊ ဉာဏ်စမ်း၊ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။