သတင်းများ

ဇမ္ဗူသီရိမြို့နယ်တွင် အမှတ် (၁၃၈) အခြေခံပညာမူလတန်းလွန်‌ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 14,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၁၃၈) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အောင်ချမ်းသာ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျင်းပသည်။
ဒီဇင်ဘာအားကစားလ ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အ‌ခြေခံပညာစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတွင်း အားကစားပြိုင်ပွဲများ ကျင်းပခဲ့သည်။
မြစ်ကြီးနားမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
Dec 14,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းရှိ ဒူဝါခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာ‌ပေး‌ဟောပြောပွဲကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။
ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ပြုလုပ်
Dec 14,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်​မောင်ဝင်း ဗောဓိရိပ်ငြိမ်တောရဆရာတော်အား ဖူးမြော်ကြည်ညို၊ တောင်သူ(၆၅)ဦး၏ စိုက်ဧက (၈၅)ဧကတွင် ဆင်း​ရွှေကြာ ​​နေကြာစိုက်ခင်း စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေး
Dec 14,2024
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယ​မန်နေ့​နေ့လယ်ပိုင်းက ဟင်္သာတမြို့နယ်၊ အင်္ဂရမ်းကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာနေဘုရင်ဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ​ရေချမ်းများ ကပ်လှူပူ​ဇော်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာဟောပြောပွဲများ ကျင်းပဆောင်ရွက်
Dec 14,2024
ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ပြပွဲ၊ ပြိုင်ပွဲများနှင့်အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် မိုးစပါး (YSR) စံကွက်ရိတ်သိမ်းပွဲအခမ်းအနား ကျင်းပ
Dec 14,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ ဦးစီးကျင်းပသော မိုးစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကို  ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်က သီးကုန်းကျေးရွာ  ဦးပိုင်အမှတ် ၁၉၀/၁၊ ကွင်းအမှတ် ၈၈၂ ရှိ တောင်သူ ဦးဖိုးထောင်၏ မိုးစပါး (YSR) စိုက်ဧက ၁.၅၈ ဧကတွင် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။