အလုံမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(ဒုတိယပတ်)လှုပ်ရှားမှုဆောင်ရွက်

အလုံ သြဂုတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊  အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဘက်စုံသားဖွားသင်တန်းသူများနှင့်အတူ  ၂၀၂၄ ခုနှစ် သြဂုတ်လ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(ဒုတိယပတ်)လှုပ်ရှားမှုအနေဖြင့်  ယနေ့နံနက် ၁၀ နာရီက  ကရင်ခြံရပ်ကွက်ရှိ အမှတ်()မူလတန်းကြိုကျောင်းနှင့် သစ်တောရပ်ကွက်ရှိ အလုံမူလတန်းကြိုကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကလေးငယ်(၄၀၇)ဦးအား ကျန်းမာရေးအသိပညာပေးခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်း၊ သံချဆေးတိုက်ကျွေးခြင်း၊ ကိုယ်အလေးချိန်မပြည့်သော ကလေးများအတွက် အဏုအာဟာရမှုန့်ထုပ်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)