ညောင်ဦးမြို့နယ် ပုဂံမြို့အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၌ လူငယ်ရေးရာဟောပြောပွဲ ကျင်းပ

ညောင်ဦး ဩဂုတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ အခြေခံပညာအထက်တန်းကျောင်း(ပုဂံ)၌ ကျောင်းသား၊ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူဇာစိုးက မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေးပြီး၊  ညောင်ဦးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာထွန်းက လူငယ်နှင့်အားကစားအကြောင်းအရာများအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။ အသိပညာဗဟုသုတများကို ဟောပြောဆွေးနွေးရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို ပြန်လည် ဆွေးနွေးမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများအား နံရံကပ်ဘုတ်ပြသခြင်းနှင့် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း