ချမ်းမြသာစည် ဩဂုတ် ၁၆
အနာဂတ်၏လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ” ကို ယနေနံနက် ၉ နာရီ အချိန်က အဆိုပါကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အမှတ် (၃၅) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက ဒေါ်မြနှင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ ဟောပြောပွဲပြီးနောက် ကျောင်းသား/သူများသည် ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်/စာစောင်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ အမှတ်(၃၅) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့