သတင်းများ

ဖျာပုံမြို့နယ်တွင် ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာမှုအား ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်လံကြည့်ရှုစစ်ဆေး
Sep 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မြို့နယ်အတွင်းရှိဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ၏ မဲစာရင်းများကို ပထမအကြိမ်မဲစာရင်း ကပ်ထားကြေညာမှုအားယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအား ကြည့်ရှုစစ်ဆေး 
Sep 30,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း ပထမအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှုကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကချင်ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်ပေး
Sep 30,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနက ဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို စက်တင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲက အဆိုပါဦးစီးဌာန လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
အိမ်မဲမြို့နယ်အတွင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေ ညာလျက်ရှိရာပြည်သူများလာရောက်ကြည့်ရှုလျက်ရှိ
Sep 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင် စာရင်းများဖြစ်သော ပုံစံ (၁) ၊ (၁-က) များကို ယနေ့နံနက်ပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်းသိရသည်။
မိုင်းပျဉ်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 30,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ ယနေ့တွင် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာထားလျက်ရှိသည်။
မိုင်းယုမြို့၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ
Sep 30,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့က မဲဆန္ဒရှင်စာရင်းများကို ထုတ်ပြန်ကြေညာ ပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
Sep 30,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်လျှက်ရှိသည့် ပုံမှန်ကာလတို အသက်မွေးဝမ်းကျောင်း သင်တန်းများထဲမှ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၂၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးရှိ Incubation Centre တွင် ကျင်းပရာ သင်တန်းဆင်းပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ရေဖြူမြို့နယ်၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို ပြည်သူများ လာရောက်ကြည့်ရှု
Sep 30,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/‌ကျေးရွာများတွင် မဲဆန္ဒရှင်စာရင်းများဖြစ်သော ပုံစံ (၁)၊ (၁-က) များကို စက်တင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများက လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။