ဓနုဖြူမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ

ဓနုဖြူ ဇူလိုင် ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဇူလိုင်လ ၇ ရက်နေ့ မွန်းလွဲ (၁) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး​ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးဆရာကြီး ဦးလှဌေးက မှုခင်းအသိပညာပေးဟောပြောပွဲများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းက Online ငွေကြေးလိမ်လည်မှု အကြောင်းအသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဦးက မူးယစ်ဆေးဝါးနှင့်ပက်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲတပ်ကြပ်ကြီး ဖြိုးအောင်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းနှင့်ပက်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးလှဌေး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှိုင်ဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)