စစ်ကိုင်းမြို့တွင် သံဃာအပါး(၁၁၇၀)၊ သီလရှင်အပါး(၅၄၀)တို့အား ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံကပ်လှူပွဲနှင့် ဆွမ်းလောင်းလှူပွဲကျင်းပ

စစ်ကိုင်း ဇူလိုင် ၉

စစ်ကိုင်းမြို့တွင် သစ်တံခါးဆရာတော် ဘဒ္ဒန္တမဏိဇောတ (မဟာသဒ္ဓမ္မဇောတိကဓဇ) အမှူးထား၍ နိဗဒ္ဓပုညကုသိုလ်တော် (၁၇) နှစ်ပြည့်အထိမ်းအမှတ် သံဃာအပါး (၁၁၇၀)၊ သီလရှင်အပါး (၅၄၀) တို့အား ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံကပ်လှူပွဲနှင့် ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတောင်ရိုး၊ သဒ္ဓမ္မပါလကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သံဃာအပါး (၁၁၇၀)၊ သီလရှင်အပါး (၅၄၀) တို့အား ဝါဆိုသင်္ကန်း၊ သီလရှင်ဝတ်စုံ ကပ်လှူပွဲနှင့် ဆွမ်းလောင်းလှူပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက ဆွမ်း၊ သင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းပေးခဲ့သည်။

နေလင်းအောင်