သထုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jul 09,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗဟုသုတတိုး ပွားစေရေး အသိပညာပေးဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသခြင်းတို့ကို ဇူလိုင်လ ၉ ရက်နေ့၊ နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။