သတင်းများ

ခမောက်ကြီးမြို့တွင် မူလတန်းကျောင်းသား၊ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးရေးအတွက် စားသောက်ဖွယ်ရာများကျွေးမွေး
Jul 09,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် ကျေးလက်ကျန်းမာရေး ဦးစီးဌာနခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံဖြိုးတိုးတက်ရေးအတွက်(KG)တန်းကျောင်းသားကျောင်းသူများအား အာဟာရပြည့်ဝသော စားသောက်ဖွယ်ရာများကျွေးမွေးခြင်းကို ယနေ့နံနက် ၁၁နာရီခွဲက ဆောင်ရွက်သည်။
မန္တလာဆေးရုံ၌ နှုတ်ခမ်းကွဲနှင့်အာခေါင်ကွဲကလေးငယ်များကို ခွဲစိတ်ကုသလှူဒါန်းပေးခြင်း
Jul 09,2026
အက်တမ်မြန်မာလီမိတက်(ATOM)နှင့် မန္တလာဆေးရုံတို့ ပူးပေါင်းဆောင်ရွက်သော နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲကလေးငယ်များကို အခမဲ့ခွဲစိတ်ကုသလှူဒါန်းပေးခြင်း (ATOM’s Life Time Gift) အခမ်းအနားကို မန္တလာဆေးရုံ၌ ယနေ့ဇူလိုင် ၉ ရက်နေ့နံနက်ပိုင်းက ကျင်းပသည်။
နမ့်စန်မြို့နယ်တွင် ကျောင်းသားကျောင်းသူများကို လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော၍ နံရံကပ်စာစောင်များ ပြသ
Jul 09,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်) သရဖီခန်းမတွင်  ဆောင်ရွက်ခဲ့သည်။
ပြည်မြို့နယ်တွင် လက်ဆွဲ​ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ
Jul 09,2026
ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် လက်ဆွဲ​ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပွဲအခမ်းအနားအား ယနေ့နံနက်ပိုင်းက ပြည်မြို့နယ်၊​ ငါးရွာကျေးရွာအုပ်စု ကွင်းအမှတ် ၇၄၁ D ကွင်း ​တောင်သူ ဦးဖိုးဝ၏ လယ်​မြေ (၁၀) ဧကတွင် ဆောင်ရွက်ခဲ့သည်။
ပင်လောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နိမ့်ခမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 09,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နိမ့်ခမ်းလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သမဝါယမအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများဆောင်ရွက်
Jul 09,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ (၂၀၂၆-၂၀၂၇)ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး လုပ်ငန်းများကို အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း )၌ ဇူလိုင်လ ၉ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ပခုက္ကူမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် သွင်းအားစုမြေသြဇာပိုးသတ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ
Jul 09,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်၊ ရက် (၁၀၀) စီမံချက်ဖြင့် သွင်းအားစုမြေသြဇာပိုးသတ်ဆေးများထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ ၉ ရက် နံနက် ၁၁ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများကို နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များနေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ
Jul 09,2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများကို "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ နတ်ချောင်းကမ်းနား(မူလွန်)ကျောင်းကို မြို့နယ်လဝကဦးစီးမှူး ဦးမျိုးဝင်းကြိုင်နှင့် ဝန်ထမ်းများက နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။