ကျောက်ကြီး ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျောက်ပုံလယ် ကျေးရွာအုပ်စု၊ ကျွဲခြံကျေးရွာရှိ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက် စိုက်ခင်းအား မြို့နယ်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
စိုက်ခင်းမှာ ကျွဲခြံကျေးရွာရှိ တောင်သူ ဦးဝင်းမြင့် ၏ နေအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် တိုင်ထောင်ပဲတောင့်ရှည် (၀.၂၀) ဧက၊ ခဝဲပင် (၀.၄၀) ဧက၊ ရုံးပတီပင် (၀.၃၀) ဧက၊ ခရမ်းချဥ်ပင် (၀.၄၀) ဧက၊ သခွားပင် (၀.၅၀) ဧက၊ ကြက်ဟင်းခါးပင် (၀.၄၀)ဧက၊ ပိန်းဥပင်(၀.၅၀ဧက၊ ကန်စွန်းဥ(၀.၄၀) ဧကနှင့် ငရုတ်ပင်(၀.၃၀)ဧကတို့ကို မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသက်လွင်နှင့် ကွင်းတာဝန်ခံများ ကြီးကြပ်ဆောင်ရွက် ပေးမှုဖြင့် အောင်မြင်စွာ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။
အဆိုပါ နေအိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ဖြစ်ထွန်း အောင်မြင်လျက် ရှိသော ဟင်းသီးဟင်းရွက်စိုက်ခင်း (Home Garden) အား မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်