ရှမ်းပြည်နယ် လူမှုရေးရာဝန်ကြီး ကလောချောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် အလှူငွေကျပ် (၅၁၂) သိန်း လှူဒါန်းပွဲတက်ရောက်
Sep 06,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်ခန်းမတွင် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၉ နာရီက မြို့သာယာလှပရေးနှင့်ကလောချောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းအတွက် Highland Oasis Construction Company Limited မှ အလှူငွေကျပ် (၅၁၂) သိန်း ပေးအပ်လှူဒါန်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ကလောခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ကလောမြို့နယ် စီမံခန့်ခွဲ့ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Highland Oasis Construction Company Limited မန်နေဂျင်းဒါရိုက်တာ ဦးအေးလွင်နှင့်ဒါရိုက်တာအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။