ပဲခူးမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူး ဇူလိုင်

ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ပဲခူးမြို့ အမှတ် () အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ကျင်းပရာ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၃၀၀) ဦး တက်ရောက်ခဲ့သည်။

ဦးစွာ ပဲခူးမြို့ အမှတ် () မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးက ကလေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက ကလေးသူငယ်များ၏ ကျင့်ဝတ်စည်းကမ်းများ၊ မိဘအုပ်ထိန်းသူနှင့် ဆရာ/ ဆရာမများ၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ် အကြောင်းများအား အသေးစိတ်ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး အမေးအဖြေကဏ္ဍပြုလုပ်ကာ ဆုရရှိသူများအား ဆုလက်ဆောင်များချီးမြှင့်ခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား အချိုရေဗူးများ ဝေငှပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)