ရှေ့တန်းအမှတ်(၁) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ မိုင်းခုတ်မြို့ရှိ တပ်ရင်း တပ်ဖွဲ့မိသားစုဝင်များ ဒေသခံတိုင်းရင်းသားပြည်သူများ စိတ်အပန်းဖြေ ပျော်ရွင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပေး

မိုင်းခုတ် ဇန်နဝါရီ ၂၀

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ရှေ့တန်းအမှတ်(၁) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့ရှိ တပ်ရင်း တပ်ဖွဲ့မိသားစုများ ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်အပန်းဖြေ ပျော်ရွှင်စေရေး လာရောက်သီဆိုကပြဖျော်ဖြေပွဲကို ဇန်နဝါရီလ (၁၈) ရက်နေ့ ည ၇ နာရီခွဲမှစတင်၍ မိုင်းခုတ်တပ်နယ်ရှိ ဘုရင့်နောင်ခန်းမ၌ သီဆိုကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

သီဆိုကပြဖျော်ဖြေပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ရှေ့တန်းအမှတ်(၁) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုမှ ဗိုလ်မှူး နေဝမ်းထွန်း ဦးဆောင်သော အနုပညာရှင်စစ်သည်၊ စစ်သမီးတို့က တေးသီချင်းသီဆို ဖျော်ဖြေရေး အစီအစဉ်များ၊ ယိမ်းအကနှင့် အငြိမ့် ကပြဖျော်ဖြေရေးအစီအစဉ်များ၊ ဟာသပြဇာတ်ဖျော်ဖြေရေး အစီအစဉ်များနှင့် စင်တင်မျက်လှည့်ဖျော်ဖြေရေးအစီအစဉ်များစွာဖြင့် ခင်မင်ရင်းနှီးစွာ ကပြဖျော်ဖြေ တင်ဆက်ခဲ့ရာ အားပေးချီးမြှင့်ရန် ကြွရောက်လာကြသည့် မိုင်းခုတ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုးနှင့် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုဝင်များ၊ မြို့ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများမှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ သီဆိုကပြဖျော်ဖြေပွဲကို ဇန်နဝါရီလ ၁၉ ရက်မှ ၂၀ ရက်နေ့အထိ မိုင်းခုတ်တပ်နယ်ရှိ ဘုရင့်နောင်ခန်းမ၌ (၂) ရက်တိုင်တိုင် သီဆိုကပြဖျော်ဖြေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လွင်ဌေး(ပြန်/ဆက်)