နတ်မောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း/အပြင်ရှိ ဆိုင်ခန်းရှင်းများ ကျူးကျော်၍ ဈေးရောင်းချမှုမရှိစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် မြို့မဈေးအတွင်း/အပြင်ဆိုင်ခန်းရှင်များအား ကျူးကျော်တည်ခင်း ရောင်းချမှုမရှိစေရေး၊ ပျံကျဈေးရောင်းချမှုများအား စည်းကမ်းနှင့်အညီ စနစ်တကျ သတ်မှတ်ထားသည့်နေရာများတွင် ရောင်းချစေရေး၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ဈေးအတွင်း/အပြင် ရောင်းချနေသော ဆိုင်ခန်းရှင်များအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် မိမိတို့၏ ဆိုင်ခန်းများမှ အမှိုက်များ စနစ်တကျစွန့်ပစ်ထားရှိမှုနှင့် အများသုံးသန့်စင်ခန်းများအား ဆပ်ပြာ၊ ရေများဖြင့် စနစ်တကျသုံးစွဲရန် တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်ခံတို့မှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှဝင်း