နတ်မောက် ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် မူလတန်းအဆင့်ကျောင်းသား/သူများဖြင့် ယနေ့နံနက် ၉ နာရီ အချိန်က ပုံပြင်ပြောပြိုင်ပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် ဒေါ်အိပြည်ပြည့်ခိုင်(လုပ်သားရုပ်သံ)က ကျောင်းသား/သူများ အားလပ်သည့်အချိန်များ၌ စာကြည့်တိုက်သို့ ဝင်ထွက်သွားလာနိုင်ပြီး ဗဟုသုတရဖွယ် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ပါကြောင်းပြောကြား၍ မြန်မာ့ရိုးရာပုံပြင်များထဲမှ ကောင်းမြတ်သော် သရုပ်ဖော်ရေးသားထားသည့် “ကူညီတတ်သည့် နဂါးလေးများ” ရုပ်ပြပုံပြင်စာအုပ်ဖြင့် ပုံပြောခြင်းပြုလုပ်ကာ ကျောင်းသား/သူများအား ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/သူများစာဖတ်သည့် အလေ့အကျင့်ရရှိစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ကြစေရန်ရည်ရွယ်၍ အားလပ်သည့်အချိန်များတွင် ဆေးရောင်ခြယ်ခြင်း၊ ပုံပြင်ပြောခြင်း၊ ဉာဏ်စမ်းမဟေဠိပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
မူမူစန်း