မင်းဘူး ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မူကြိုကျောင်းကလေးငယ်များ ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်များကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာမူလတန်း(မြောက်ရပ်)ကျောင်း၌ ကျွေးမွေးခဲ့သည်။
ထိုသို့ ကျွေးမွေးရာတွင် ကလေးငယ်များကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်ရည်ရွယ်၍ အာဟာရကျွေးမွေးခြင်းအစီအစဉ်များကို ကျန်းမာရေးဌာနနှင့်ပညာရေးဌာနများပူးပေါင်းကာ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျောင်းနေအရွယ် ကလေးများအာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအရ မင်းဘူးမြို့နယ်အတွင်းရှိကျောင်းများ၌ KG တန်းနှင့် မူလတန်းအဆင့်ကလေးငယ်များကို အာဟာရကျွေးမွေးခြင်းများ ပြုလုပ်ပေးနေခြင်းဖြစ်ပြီး အာဟာရကျွေးမွေးခြင်း၏အဓိကရည်ရွယ်ချက်မှာ ကျန်းမာသန်စွမ်းစေရန် ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုနှုန်းမှန်ကန်စေရန်၊ အမူအကျင့်ကောင်းများရရှိရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများစွဲမြဲလာစေရန်၊ ဉာဏ်ရည်မြှင့်တင်ရန်၊ အာဟာရပြည့်ဝခြင်းဖြင့် သင်ယူမှုစွမ်းရည်နှင့်ပညာရေးတိုးတက်မှုကို အထောက်အကူပြုစေရန်ရည်ရွယ်ကြောင်း မင်းဘူးမြို့ ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)