ဖားကန့်မြို့၌ ဌာနဆိုင်ရာများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ ယာယီ‌နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဖားကန့် ဇူလိုင် ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့က ယာယီ‌နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများကို ဇူလိုင် (၂၂) ရက် ညနေ (၃) နာရီက ဖားကန့်မြို့ မြို့ဦးစေတီဘုန်းတော်ကြီးကျောင်း၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ယာယီနေရပ်စွန့်ခွာပြည်သူများအား အဆိုပါ ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမြင့်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌ ဒေါ်စီစီစိုးဦးနှင့် အဖွဲ့ဝင်တို့က ယာယီစစ်ဘေးရှောင်ပြည်သူများနှင့်ကျောင်းသားကျောင်းသူများအား မိုးကာ၊ ထင်း၊  ထီး၊ စာရေးကရိယာများ၊ ပဲနို့၊ ပေါင်မုန့်များနှင့် အမျိုးသမီးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရ‌သည်။

မြို့နယ်(ပြန်/ဆက်)