ငပုတောမြို့နယ် ပမ္မဝတီကျေးရွာအုပ်စုအတွင်း ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး သင်တန်းဖွင့်လှစ်

ငပုတော ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပမ္မဝတီကျေးရွာအုပ်စုတွင် ပြည်သူများရောဂါဘယကင်းဝေးစေရန်နှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်ရည်ရွယ်၍ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်းကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငပုတောမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများကဝက်နှင့် အခြားတိရစ္ဆာန်များ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ၏ အရေးပါပုံကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ရာသီအလိုက် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်းရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး စနစ်တကျ ဆောင်ရွက်နည်းများ၊ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရန် ထိန်းချုပ်ကုသရေးဆိုင်ရာ နည်းလမ်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြသည်။ အဆိုပါသင်တန်းသို့ ပမ္မဝတီကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာသူ/ကျေးရွာသားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)