မိုင်းနောင် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် ယနေ့နံနက်(၁၁)နာရီအချိန်က စာရေးဆရာ ဖေမြင့် ရေးသားထားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်နန်းမီးက စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးစည်သူထွန်းက စာဖတ်ခြင်းကြောင့် ဘာအကျိုးထူးတွေခံစားရနိုင်သလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးမျိုးမြင့်ဇော်က စာအုပ်ကဘာတွေပေးသလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းစန်းစန်းအောင်က ခေတ်အဆက်ဆက်က ကမ္ဘာကိုလွှမ်းမိုးခဲ့သော စာအုပ်များခေါင်းစဉ်ဖြင့်လည်းကောင်းစသည့် ခေါင်းစဉ်များဖတ်ရှုကြရာဖတ်ရှုမှုအပေါ် အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းသို့ BookClub အဖွဲ့ဥက္ကဋ္ဌ ဦးစည်သူထွန်းနှင့်အဖွဲ့ဝင်များ၊ အမီုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ (၁၅)ဦး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)