သတင်းများ

ငဖဲမြို့နယ်တွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jul 10,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (mRNA Vaccine) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့မရပ်ကွက် ဓါတ်တော်ဓမ္မာရုံ၌ ဆောင်ရွက်သည်။
ကျွန်းလှမြို့နယ်၌ ငှက်ပျောပင်စိုက်ပျိုးပွဲကျင်းပ
Jul 10,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အဟာရဖြည့်စွက်စာအဖြစ် ငှက်ပျောသီးများ ကျွေးမွေးရန်အတွက် ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းကျောင်း၌ ကျင်းပ သည်။
ပြည်ကြီးတံခွန်မြို့နယ် ပြည်ကြီးဂန္ဓာရုံဘုန်း‌တော်ကြီး အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်းဆွေး‌နွေးပွဲ ကျင်းပ
Jul 10,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ကြီးဂန္ဓာရုံ ဘုန်းတော်ကြီးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီခွဲက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနက ဦးစီး၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
တီးတိန်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
Jul 10,2026
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တီးတိန်တွင် ကျင်းပပြုလုပ်သည်။
ငဖဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 10,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ဇလွန်မြို့နယ်၌ အမျိုးသမီးပိုက်ကျော် ခြင်းပြိုုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ
Jul 10,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားအသက် (၂၃) နှစ်အောက် အမျိုးသမီးပိုက်ကျော်ခြင်းပြိုုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရောက်ရှိခဲ့ပါက ဗုဒ္ဓစာပေများထားရှိခဲ့သည့် ပိဋကတ်တိုက်ကိုလေ့လာနိုင်
Jul 10,2026
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွားဘုရားဖူးလေ့လာရေးရောက်ရှိခဲ့ပါက ဗုဒ္ဓစာပေများထားရှိခဲ့သည့် ပိဋကတ်တိုက်၊ ပိဋကတ်တည်ဆောက်မှုဗိသုကာပညာရပ်ကို လေ့လာနိုင်ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။
မင်းဘူးမြို့၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကျင်းပ
Jul 10,2026
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။