ငဖဲ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (mRNA Vaccine) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့မရပ်ကွက် ဓါတ်တော်ဓမ္မာရုံ၌ ဆောင်ရွက်သည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုန်းဝင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများနှင့် နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (mRNA Vaccine) ကို ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)