ရှမ်းပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ခုနှစ် (ဒုတိယအကြိမ်) ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်
Jul 10,2026
၂၀၂၆ခုနှစ်(ဒုတိယအကြိမ်) ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် (၉) ရက် နံနက် (၇) နာရီက တောင်ကြီးမြို့၊ တောင်ကြီး (ထင်း) ကြိုးဝိုင်းအတွင်း (လွိုင်ခမ်းအိမ်ရာစီမံကိန်း) မျက်နှာချင်းဆိုင်တွင် ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် ဇနီး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။