သာယာဝတီမြို့၌ မဲဆန္ဒရှင် လူဦးရေစာရင်းများအား ပြည်သူများ လာရောက်ကြည့်ရှု
Oct 02,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အထွေထွေ ရွေးကောက်ပွဲတွင်အသက်၁၈နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ခွင့်ရှိစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစ၍ တပြိုင်နက်တည်း ထုတ်ပြန် ကြေညာထားရာ ဒေသခံပြည်သူများ မဲဆန္ဒရှင်စာရင်းများကို လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။