တီးတိန် ဇူလိုင် ၁၀
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တီးတိန်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်လူမှုရေးအသင်းအဖွဲ့များက ချယ်ရီ၊ ပျဉ်းကတိုး၊ ရေသင်းဝင်၊ အော်ရီးရှား၊ ယူကလစ်ပင်များ စုစုပေါင်းအပင် ၅၀၀ စိုက်ပျိုးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)