မိုးနဲမြို့နယ်၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များ ကျန်းမာရေးအလေ့အကျင့်ကောင်းများရရှိကျင့်သုံးနိုင်စေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ဥယျာဥ်အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။