ကျွန်းလှ ဇူလိုင် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား အဟာရဖြည့်စွက်စာအဖြစ် ငှက်ပျောသီးများ ကျွေးမွေးရန်အတွက် ငှက်ပျောပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက ပိတောက်မြိုင်ရပ်ကွက်၊ မူလတန်းကျောင်း၌ ကျင်းပ သည်။
အဆိုပါ ငှက်ပျောပင်စိုက်ပျိုးပွဲတွင် ကန့်ဘလူခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ဇော်ဦး၊ မြို့နယ်ဥက္ကဋ္ဌ ဦးဘုန်းမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများက ဖီးကြမ်း၊ သီးမွေး ငှက်ပျောပင် ၄၀ ကျော်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ