သတင်းများ

မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃ ဧက စိုက်ပျိုးပြီးစီးရာ သတ်မှတ်လျာထားချက် ပိုမိုစိုက်ပျိုးနိုင်
Oct 02,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၂၂၃ ဧက စိုက်ပျိုးပြီးစီးရာ သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မတ္တရာမြို့နယ်၌ အသက်နှစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆက်လက်ဆောင်ရွက်
Oct 01,2025
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် အသက်နှစ်နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်၌  မဲဆန္ဒရှင်စာရင်းများ ပထမအကြိမ် ကြေညာထား
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသည့် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃ဝ ရက်မှ စတင်၍ ပထမအကြိမ်အဖြစ် ကြေညာထားကြောင်းသိရသည်။  
ပြင်ဦးလွင်မြို့တွင် (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကျင်းပ  
Oct 01,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တွင်  ၆၁) နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့ နံနက် ၉ နာရီခွဲက  ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲကျော်သူခန်းမဆောင်၌ ကျင်းပသည်။ ဦးစွာ  ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက ခရိုင်အတွင်းရှိရဲစခန်းများမှ ကြိုးစားအားထုတ်မှု၊ မှုခင်းဖော်ထုတ် ဖမ်းဆီးရရှိမှု၊ ပြေးလေးပြေးဖော်ထုတ်ရရှိမှုစသည့် ဆုရရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ဆုများပေးအပ်ချီးမြှင့်ကြသည်။
မဟာ‌အောင်မြေမြို့နယ်၌ ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ
Oct 01,2025
‎မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်း ဒေသကြီး ဆီကုန်သည်များနှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ ငါးများကို အထူးသက်သာသော ဈေးနှုန်းဖြင့် ရုံးဖွင့်ရက်များတွင်ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃ လမ်း၊ ၄၃ လမ်းထောင့် ၊ တက္ကသိုလ်လေ့ကျင့်ရေးရှေ့တွင် ရောင်းချသည်။
ကော့သောင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာ‌ပေး သင်တန်းဖွင့်
Oct 01,2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန (၁၀)မိုင် စိုက်ပျိုးရေး ဥယျာဉ်ခြံတွင် ဘေးအန္တရာယ်ကင်းရှင်းသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်များ ထုတ်လုပ်ခြင်းနည်းပညာ‌ပေးသင်တန်းကို  ယနေ့နံနက်ပိုင်းကကျင်းပသည်။
သာစည်မြို့တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်  စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်း 
Oct 01,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းစည်းဝေးကို စက်တင်ဘာ ၃၀ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပ သည်။