သတင်းများ

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jul 10,2026
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Jul 10,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များယဉ်ကျေးလိမ္မာစေရေးနှင့် စိတ်ဓာတ်ကောင်းမွန်စေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ ညိုပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ ကျင်းပသည်။
မိုင်းပျဉ်းမြို့ အ.ထ.က၌ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ၂၀၂၆ ခုနှစ် ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
မုံရွာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသ
Jul 10,2026
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသားများ စာများများ ဖတ်ကြပါရန်နှင့် ကျောင်းစာတွင် သာမက ပြင်ပဗဟုသုတစာပေများကိုဖတ်ရှုလေ့လာမှသာ အနာဂတ်အတွက် မျိုးဆက်သစ် လူငယ်များပီပီ တိုင်းပြည်အတွက် အားကိုး၊ အားထားရသော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက်ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသဆောင်ရွက်ခြင်းကို ဇူလိုင် ၉ ရက်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ရုံးကြီးရပ်ကွက်ရှိ ကူးတို့မြောက် အမှတ်(၁၆) အခြေခံပညာမူလတန်း လွန်ကျောင်း၌ ကျင်းပသည်။
ဆိပ်ဖြူမြို့နယ်၌  မိုးစပါးစိုက်ပျိုးရန် စိုက်ပျိုးမြေပြင်ခြင်း၊ စပါးပျိုးထောင်ခြင်းများ ဆောင်ရွက်လျက်ရှိ
Jul 10,2026
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုမြေပြုပြင်ခြင်းနှင့် မိုးစပါးများ ပျိုးထောင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လင်းခေး၌ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jul 10,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက လင်းခေးမြို့၊ ရွာမကြီးအနောက်အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာဖေမြင့်၏ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” စာအုပ်ခေါင်းစဉ်ဖြင့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
ဟုမ္မလင်းမြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်း ( Public Talk ) ဆွေးနွေးပွဲကျင်းပ
Jul 10,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရဖွဲ့ဝင် ရှမ်းတိုင်းရင်းသား​ရေးရာဝန်ကြီး ဦးစိုင်းစိန်ဖေ၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံလှစိုးနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲအချိန်က ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းအုပ်စု၊ နားသဲကျေးရွာ(ဓမ္မာရုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။