သတင်းများ

မြို့သစ်မြို့နယ်တွင် ရေဘေးအန္တရာယ်အသိပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်
Jul 10,2026
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် သတိပြုရှောင်ကြဉ်ရမည့်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဇူလိုင် ၈ ရက်နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းအခြေပြုပဏာမမျက်စိကျန်းမာရေး စစ်ဆေးဆောင်ရွက်
Jul 10,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းအခြေပြု မဏာမမျက်စိကျန်းမာရေး (Primary Eye Care) စမ်းသပ်စစ်ဆေးမှုလုပ်ငန်းကို ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီခွဲအချိန်က အမှတ် (၅) အခြေခံပညာမူလတန်း (လွန်) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။       
မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 10,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယမန်နေ့ညနေ ၄ နာရီက မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ဒိုက်ဦးမြို့နယ် ဖအောင်ဝဲအခြေခံပညာအထက်တန်းကျောင်း၌လူငယ်စကားဝိုင်းကျင်းပ
Jul 10,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဖအောင်ဝဲ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း း သိရသည်။
မိုင်းယောင်းမြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်း တားဆီးကာကွယ်နိုင်ရေး အသိပညာပေးဟောပြော
Jul 10,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဗလမင်းထင်ခန်းမ၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရန် ကြိုတင်တားဆီးကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ စပါးနှင့်ယာသီးနှံများအား ခေတ်မီစက်ကိရိယာများဖြင့် စနစ်တကျစိုက်ပျိုးနည်းများ ရှင်းလင်းသရုပ်ပြ
Jul 10,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်ရှိ စပါးနှင့်ယာသီးနှံစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးစရိတ်ငှားရမ်းခသက်သာစေရန်နှင့် ခေတ်မီစက်ကိရိယာများဖြင့် စနစ်တကျစိုက်ပျိုးတတ်စေရန်ရည်ရွယ်၍ စိုက်ပျိုးရေးနည်းစနစ်များ ရှင်းလင်းသရုပ်ပြခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီက စိုက်ပျိုးပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။
နမ့်စန်မြို့နယ် အမှတ် (၅) ကျေးရွာ အခြေခံပညာမူလတန်းကျေးရွာတွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်
Jul 10,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်သည့် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ ရွေ့လျားစာကြည့်တိုက်နှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉နာရီက အမှတ်(၅)ကျေးရွာအုပ်စုရှိ အမှတ် (၅) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်နှင့် ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အဌမအကြိမ် ထုတ်ချေး
Jul 10,2026
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျွန်းပင်စင်ကျေးရွာ၌ အဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဇူလိုင် ၁၀ ရက်၊ ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။