သတင်းများ

ဟုမ္မလင်းမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးအစာစပ်ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကျင်းပ
Jan 24,2025
မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ စစ်ကိုင်းက ဦးဆောင်ပြီး World Fish မှ နည်းပညာပံ့ပိုးမှုဖြင့် ကြီးမှူးကျင်းပသည့် အခြေခံငါးမွေးမြူရေးနှင့် ငါးအစားစပ်ထုတ်လုပ်ခြင်း သင်တန်းဖွင့်ပွဲကို ယမန်နေ့ညနေ(၃)နာရီအချိန်က ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့ မြေနီကုန်းရပ်ကွက်၊ ဟန္နမိဘမဲ့ဂေဟာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် ကျေးရွာနေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Jan 24,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ကျေးလက်နေပြည်သူများအတွက် ကျေးရွာချင်းဆက် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက  သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ် မိုင်းပဲ-လုံကြိမ်းလမ်း မြေသားလမ်းမှ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုအား အင်ဂျင်နီယာချုပ်ကြည့်ရှုစစ်ဆေး
Jan 24,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော မိုင်းပဲ-လုံကြိမ်းလမ်း မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှူအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုင်းပန်-ကုန်းကျိုင်းလမ်း ကျောက်လမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 24,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုင်းပန်-ကုန်းကျိုင်းလမ်း ကျောက်လမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပြတ်ကြပ်မတ်စစ်ဆေး
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jan 24,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းသင်တန်းများနှင့် ရိုးရာအက သင်တန်းဖွင့်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ဟုမ္မလင်းမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့တွင် ကျောက်ဖရုံသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
Jan 24,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိမိတို့၏ တောင်ယာခင်းများနှင့် အိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ကျောက်ဖရုံပင်များမှ ကျောက်ဖရုံသီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်ဆွေးနွေးပွဲတက်ရောက်
Jan 24,2025
ကချင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံအထက်တန်းအဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေး ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။