သတင်းများ

ရေတာရှည်မြို့နယ်အတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ပြခြင်းပြုလုပ်
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ်အတွင်းရှိ Rain KTV နှင့် အမေ့ရင်ခွင် KTV တို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်းလက်တွေ့သရုပ်ပြုမှုများကို ပြုလုပ်ခဲ့သည်။
ဖြူးလက်ဆောင်မွန်အနေဖြင့် စျေးကွက်ရှိနေသည့် မိသားစုတစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်း
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ​ဖြူးလက်ဆောင်မွန်အနေဖြင့် စျေးကွက်ရှိနေသည့် မိသားစုတစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်းမှာ ရောင်းအားကောင်း၍ တစ်ခုတည်းသော မိသားစုဝင်​​ငွေအတွက် အဆင်ပြေကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က လေပြင်းဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သက်တင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တစ်အိမ်တက်ဆင်း အသိပညာပေး စစ်‌ဆေးခြင်းများ ဆောင်ရွက်
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီ အချိန် ရွှေပေါက်ကံမြို့သစ်၊ (၁၆)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်ရှိ ပြည်သူစာကြည့်တိုက်သို့ ပန်းချီကားများ လှူဒါန်း
Jan 24,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဖွင့်လှစ်ထားသည့် ပြတိုက်ငယ် (Mini Museum) အတွက် ဝါးစိမ်းနီပန်းချီဆရာများအသင်းမှ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ပန်းချီကားများ လာရောက်လှူဒါန်းကြောင်း သိရသည်။
ကျိုင်းတုံမြို့၌ အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး စာပေဟောပြောပွဲကျင်းပ
Jan 24,2025
ကျိုင်းတုံမြို့နယ် စာရေးဆရာအသင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအကျိုး‌တော်ဆောင်အဖွဲ့တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး စာပေဟောပြောပွဲကို ယမန်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်
Jan 24,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၌ ကန်သာယာစာကြည့်တိုက်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
လှိုင်မြို့နယ်၌ အသက် (၁) နှစ်အောက် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၌ အသက် (၁) နှစ်အောက် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။