သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပြတ်ကြပ်မတ်စစ်ဆေး

သာပေါင်း ဇန်နဝါရီ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ဆန်းနှင့်ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ဒုတိယလဝကမှူး ဦးစိုးပိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒုရဲအုပ်သော်ဇင်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ယာဥ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တာဝန်ရှိသူများ၊ မြို့နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များပူးပေါင်း၍ ခရီးသွားပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်‌ဆောင်သွားလာကြရန်နှင့် တရားမဝင်ကုန်စည်များ ဖြန့်ဖြူးသယ်ယူပို့ဆောင်မှုမရှိစေရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ သယ်ဆောင်ခြင်းမပြုရေး၊ တရားမဝင် ကုန်စည်များဝင်ရောက်မှုမရှိစေရေးစစ်ဆေးခြင်း၊ လိုင်စင်မဲ့ယာဥ်များမှတ်ပုံတင်ဆောင်ရွက်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မော်တော်ဆိုင်ကယ်စီးနှင်းပါက ဆိုင်ကယ်စီး ဦးထုပ်ဆောင်းမေးသိုင်းကြိုးတပ်ဆင်၍ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်ရေး၊ ပြည်သူများ ယာဥ်အန္တရာယ် ကင်းဝေးစေရေး စိစစ်အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး