မကွေးမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး မြေစိုက်ပိုစတာများ စိုက်ထူ
Sep 13,2024
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ၂၀၂၄ ခုနှစ်၊ ယနေ့တွင်ကျရောက်သည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား စာတန်းပါ ဆိုင်းဘုတ်ပိုစတာစိုက်ထူခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၌ စိုက်ထူခဲ့ကြောင်း သိရသည်။