မိုးနဲ ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသော မိုင်းပဲ-လုံကြိမ်းလမ်း မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှူအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးဝင်းကျော်မျိုး၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်မိုးဝင်း၊ လင်းခေးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ဆွေဆွေနွယ်နှင့် မြို့နယ်တာဝန်ခံတို့က မိုင်းပဲ-လုံကြိမ်း လမ်းမြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အပိုင်းနှစ်ပိုင်းဖြင့် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တင်ဒါအောင်ကုမ္ပဏီမှ တာဝန်ခံများ ရှင်းလင်းတင်ပြကြပြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလမ်း အပိုင်းတစ်ကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပြည်နယ်(မူလ) ခွင်ပြုရန်ပုံငွေကျပ် ၁၂၈ ဒသမ ၃၅၉ သန်းဖြင့် လမ်းအရှည် သုည ဒသမ ၆၀၃၄ ကီလိုမီတာ ၊အကျယ် ၃ ဒသမ ၆၆ မီတာနှင့် ထု ၂၂၅ မီလီမီတာကိုလည်းကောင်း ၊အပိုင်းနှစ်ကို ခွင့်ပြုရန်ပုံငွေကျပ် ၁၅၇ ဒသမ ၈၁ သန်းဖြင့် လမ်းအရှည် သုည ဒသမ ၇၅၄ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာနှင့်ထု ၂၂၅ မီလီမီတာ တို့ကို တင်ဒါအောင်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့်ခန့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ