သတင်းများ

လှိုင်မြို့နယ် အ.ထ.က (၃) ကျောင်းတွင် ဆယ်ကျော်သက်များအား မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 24,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးမှူးများနှင့် ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လှိုင်မြို့နယ် အ.ထ.က (၃) ကျောင်း သပြေခန်းမ၌ ကျင်းပခဲ့သည်။
ရေနံချောင်းတက္ကသိုလ်၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေး
Jan 24,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ဆောင်ရွက်သည်။
ရွှေတောင်မြို့နယ်၌ နွေစပါး ၂၇၂၅ ဧကလျာထား၍ စိုက်ပျိုးရေးလုပ်ငန်းများ စတင်ဆောင်ရွက်
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေစပါးစိုက်ပျိုးရေးအတွက် ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန၊ နတ်မှော်မြစ်ရေတင်ဖြင့် စိုက်ပျိုးရေများကို ဇန်နဝါရီလမှစတင်၍ စိုက်ပျိုးမြေများသို့ စတင်ဖြန့်ဝေခဲ့ပြီးနောက် နွေစပါးစိုက်မည့် တောင်သူများသည် ယခုရက်သတ္တပတ်အတွင်း စိုက်ပျိုးမြေပြုပြင်ခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြသည်။
ငပုတောမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုး‌တိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး စကားရည်လုပွဲပြိုင်ပွဲကျင်းပ
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊‌ ငပု‌တောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အ.မ.က (၁) မူလွန်ကျောင်းနှင့်အလင်းတန်းစာကြည့်တိုက်ကော်မတီတို့ပူး‌ပေါင်း၍ စကားရည်လုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.မ.က (၁ ) မူလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြာပွဲ ကျင်းပ
Jan 24,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိပညာ ဗဟုသုတတိုးပွား၍ ဗလငါးတန်တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပူတာအိုမြို့ အ.လ.က (မြို့မ) ကျောင်း၌ ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Jan 24,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိပြီး စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် အခြေခံပညာကျောင်းများသို့ အသိပညာပေးဟောပြောခြင်းနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ (၂၄) ရက် နံနက် (၁၀) နာရီက ပူတာအိုမြို့ မြို့မရပ်ကွက်အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 24,2025
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။
မိုးညိုမြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်
Jan 24,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာ‌ဈေးအတွင်း မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့က လိုက်လံကြည့်ရှုစစ်ဆေး‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။