လိပ်သိုမြို့တွင် ကျောက်ဖရုံသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ

လိပ်သို ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိမိတို့၏ တောင်ယာခင်းများနှင့် အိမ်ခြံဝင်းများအတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ကျောက်ဖရုံပင်များမှ ကျောက်ဖရုံသီးများ ဆွတ်ခူးရောင်းချချိန် ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ကျောက်ဖရုံပင်များကို စင်ထောင်စနစ်ဖြင့်လည်းကောင်း၊ မြေပြန့်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြပြီး ကျောက်ဖရုံသီးများကို စားသုံးရန်၊ လက်ဆောင်ပေးရန်နှင့် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း၊ လိပ်သိုမြို့ပေါ်၌ ကျောက်ဖရုံသီးတစ်လုံးလျှင် အရွယ်အစားပေါ် မူတည်၍(၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်အထိ ဈေးရရှိနေကြောင်း သိရသည်။

လိပ်သိုဒေသရှိ တောင်သူများမှာ ကျောက်ဖရုံပင်များအပြင် ရွှေဖရုံ၊ သခွား၊ ငရုတ်၊ မုန့်ညှင်း၊ ချဉ်ပေါင်၊ ခဝဲ၊ ဘူးသီး၊ ပဲပင်များကိုလည်း မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်