ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူ (၅၃၉) ဦးအား ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်
Sep 13,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေများ စီးဆင်းပြီး ကဒတ်ချောင်းရေလျှံမှုကြောင့် နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၂)ခုဖွင့်လှစ်ပြီး ပြောင်းရွှေ့နေရာချထားပေးသည့် ရေဘေးသင့်ပြည်သူ (၅၃၉) ဦးအား ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မြို့နယ်အတွင်းရှိ ရေဘေးကယ်ဆယ်ရေးစခန်းများ၌ လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။