ညောင်ဦးမြို့နယ်၌ ဆောင်းမြေပဲသီးနှံ ငမြှောင်တောင်ပိုးကာကွယ်နှိမ်းနင်း၍ တောင်သူနည်းပညာပေးခြင်းများ ဆောင်ရွက်

ညောင်ဦး ဇန်နဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် နတ်ကြို့အိုင်အုပ်စု၊ ရွှေတွင်းကျေးရွာ ဆောင်းမြေပဲမျိုးစေ့ထုတ်စိုက်ခင်း (၃၅.၀၀)ဧက တစ်ကွင်းတစ်စပ်တွင် တောင်သူ ဦးအောင်ကြိုင်၏ (၂.၀၀)ဧက ဆောင်းမြေပဲသီးနှံစိုက်ခင်းအတွင်း ငမြှောင်တောင်ပိုးကျရောက်မှုလက်တွေ့နှိမ်းနင်းခြင်း နည်းပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ဆောင်းမြေပဲသီးနှံစိုက်ခင်းများအတွင်း ငမြှောင်တောင်ပိုးကျရောက်နေမှုတို့အား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပိုးမွှားပညာရှင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်မာလာမြင့်နှင့် ဒေါက်တာရီရီမြင့်တို့ဦးဆောင်ကာ မန္တလေးတိုင်းဒေသကြီး/ခရိုင်သီနှံကာကွယ်ရေးတာဝန်ခံနှင့်အဖွဲ့၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများပူးပေါင်း၍ ငမြှောင်တောင်ပိုး ဘက်စုံကာကွယ်နှိမ်းနင်းရေးနည်းလမ်းများ၊ ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်နှိမ်နင်းရေး နည်းလမ်းများအား ပညာပေးဆွေးနွေးခြင်းနှင့် ဖျက်ပိုးစစ်တမ်းကောက်ယူခြင်းများအား ဆောင်ရွက်ခဲ့ရာ ဆောင်မြေပဲသီးနှံစိုက်ပျိုးသည့် တောင်သူ (၅၁)ဦးနှင့် ဝန်ထမ်း (၂၃)ဦးတို့က ပိုးသတ်ဆေး စနစ်တကျပတ်ဖျန်းခြင်း လက်တွေ့ဆောင်ရွက်စေခြင်းများအား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် တောင်သူ (၅၁)ဦးအတွက် ပိုးသတ်ဆေးများနှင့် လက်ကမ်းစာစောင်များအားကို သီးနှံကာကွယ်ရေး(ရုံးချုပ်)မှ ကြိုတင်ကာကွယ်နှိမ်းနင်းရန် အခမဲ့ပေးအပ်ခဲ့ပြီး တောင်သူများသိရှိလိုသည်တို့ မေးမြန်းမှုတို့အား သီးနှံကာကွယ်နှိမ်းနင်းရေးပညာရှင်များက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း