လသာ ဇန်နဝါရီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာရေးဌာနဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-2 ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက Grade (2) ကျောင်းသား၊ ကျောင်းသူတို့အား အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်နှင့် ရေဓာတ်စသည်တို့ ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများဖြစ်သည့် ပဲနီလေးဟင်း၊ ပန်းမုံလာကြော်၊ ကြက်သားကြော်စသည့်တို့နှင့် သီးနှံများကို အာဟာရဖြစ်ရန် ကျွေးမွေးခဲ့ကြသည်။
အဆိုပါ ကျွေးမွေးရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(မြို့နယ်ပြန်/ဆက်)